သာကေတမြို့နယ်အတွင်း Fortune Plaza အနီးတွင် စစ်ကောင်စီ၏ လက်အောက်ခံ လှည့်ကင်းယာဉ်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံး ဒဏ်ရာ ရရှိသူများရှိ

ပုံအညွှန်း - ပစ်ခတ်မှုဖြစ်ပွားရာ  Fortune Plaza နှင့် အနီးဝန်းကျင်
ပုံအညွှန်း - ပစ်ခတ်မှုဖြစ်ပွားရာ Fortune Plaza နှင့် အနီးဝန်းကျင်
သာကေတမြို့နယ်အတွင်း Fortune Plaza အနီးတွင် စစ်ကောင်စီ၏ လက်အောက်ခံ လှည့်ကင်းယာဉ်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံး ဒဏ်ရာ ရရှိသူများရှိ
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း သာကေတမြို့နယ်၊ Fortune Plaza အနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီ၏ ယာဉ်အား ယနေ့ ဇန်နဝါရီ(၂၉)ရက်နေ့ ညနေပိုင်းက ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များနဲ့  ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရခဲ့ကြောင်း Wolf Warriors STF(WWSTF)က သတင်းထုတ်ပြန်လာသည်။

ယင်းတိုက်ခိုက်မှုကို Wolf Warriors STF(WWSTF)  က လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အသေအပျောက်စာရင်းကို သီးခြားအတည် မပြုနိုင်သေးကြောင်း သိရသည်။

၎င်းလုပ်ဆောင်ချက်သည် ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ပျံလွှားအောင်စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သိရသည်။

Wolf Warriors STF (WWSTF) အနေဖြင့် ဖက်ဆစ်စစ်တပ်အား ဒေါက်တိုင်သဖွယ် အထောက်အကူပြုနေကြသော ဒလန်၊ ဖက်ဆစ်မိတ်ဖက် စီးပွားရေး လုပ်ငန်းရှင်များ၊ စစ်ခွေး၊ ရဲခွေး များကို ပြည်သူ့ရင်ခွင် မခိုလှုံ မပူးပေါင်းသေးသည့် ကာလပတ်လုံး တစ်တိုင်းတစ်ပြည်လုံးရှိ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တရားသောစစ် ဆက်လက်ဆင်နွှဲနေမည်ဖြစ်ကြောင်း WWSTFက အသိပေး ကြေညာထားသည်။