မြိုင်တွင် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ ၃ ဦးသေ ၄ ဦးဖမ်းမိဟု တော်လှန်ရေးတပ်ဘက်ကထုတ်ပြန်

မြိုင်တွင် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ ၃ ဦးသေ ၄ ဦးဖမ်းမိဟု တော်လှန်ရေးတပ်ဘက်ကထုတ်ပြန်
စက်တင်ဘာ 20, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ် စက်မှု(၂)မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦး သေပြီး (၄)ဦးကို ဖမ်းဆီးရမိကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

စစ်ကောင်စီတပ်စွဲထားသည့် စက်မှု(၂)မှထွက်လာသော စစ်ကောင်စီတပ်သား (၇)ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့က မြိုင်ပကဖ တပ်ရင်း (၃) တပ်ခွဲ (၁) ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၄)ဦးကို အရှင်မိပြီး (၃)ဦး သေဆုံးကာ MA-1 (၃)လက်နှင့် ကျည်ဘောက်(၄)ခုအား သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency