ရေတာရှည်မြို့နယ်အတွင်း ရေဘေးကြောင့် ပိတ်မနေသည့် ပြည်သူများကို ကယ်ဆယ်ရေး လုပ်ဆောင်ရင်း PDF ရဲဘော် တစ်ဦး ရေထဲ မျောပါ သေဆုံး

ရေတာရှည်မြို့နယ်အတွင်း ရေဘေးကြောင့် ပိတ်မနေသည့် ပြည်သူများကို ကယ်ဆယ်ရေး လုပ်ဆောင်ရင်း PDF ရဲဘော် တစ်ဦး ရေထဲ မျောပါ သေဆုံး

 အာဏာသိမ်း စစ်ကောင်စီတပ်က ကူညီကယ်ဆယ်ခွင့် ပိတ်ထားသည့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အရှေ့ဘက်ကမ်းတွင် ရေဘေးကြုံတွေ့ခံစားရပြီး ပိတ်မိနေသည့် ပြည်သူများကို ကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်ရင်း PDF တပ်ဖွဲ့ဝင်(၁)ဦး ရေထဲမျောပါ သေဆုံးခဲ့ရကြောင်း သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့က ရေဘေးဒဏ်ကြောင့် ပိတ်မိနေသည့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း  နေပြည်တော် တိုင်းစစ်ဌာန၊ ဗျုဟာအမှတ် (၁၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းအမှတ် (၉၀၁) မှ  ရဲဘော်အီးဂဲလ်  အသက်ပေး စွန့်လွှတ်သွားကြောင်း NUG ၏ MOD က ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ(၁၃)ရက်နေ့က ရေထဲမျောပါ ပျောက်ဆုံးနေသည့် တဩပ်ရင်းအမှတ် (၉၀၁) မှ  ရဲဘော် အီးဂဲလ် အပြင် ရဲဘော်အငယ်ကောင်လည်း ပါဝင်သော်လည်း NUG က  ရဲဘော် အီးဂဲလ် သေဆုံးသွားကြောင်းသာ သတင်းထုတ်ပြန်ထားသည့်အတွက် ရဲဘော်အသေးလေး အခြေနေကိုတော့ မသိရသေးပေ။

"ကြိုးနဲ့ဖောင်တွေအသုံးပြုတယ်။ ရေအားများတော့ မဆွဲနိုင်တော့ဘဲ ပြုတ်ပြီး ရေစီးနောက်ပါသွားတာ လိုက်ကယ်ပေမယ့် မရလိုက်ဘူး။"ဟု နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း(၉၀၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို စက်တင်ဘာလ(၁၃)ရက်နေ့က ပြောကြားထားသည်။

 

ဆွာဆည်က ရေလွှတ်ခြင်း၊ နေပြည်တော်ပေါင်းလောင်းဆည်မှ စစ်တောင်းမြစ်အတွင်းသို့ ရေအလုံးအရင်း လွှတ်ခြင်းတို့ကြောင့် စစ်တောင်းမြစ်ကမ်းတစ်လျှောက် ရေနစ်မြုပ်မှု ပိုတိုးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။