ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြောက်ဖက် ပလီလင်းရွာတွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် တောင်ကျရေများစွာကျဆင်းလာခြင်းကြောင့် နေအိမ်များနစ်မြုပ်နေကာ ကားနှင့် ဆိုင်ကယ်များ ရေထဲမျောပါသွားကြောင်း ဒေသခံများထံမှ သိရသည်။
"တောင်ကြီး ရေတအားကြီးနေပါတယ်ဗျ။ နေရာတိုင်းပဲနော်။ သွားလာလို့အဆင်မပြေသေးပါဗျ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ထို့အပြင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၅၊ ၆၊ ၁၂)ဘက်တွင်လည်း ရေကြီးရေလျှံလာခြင်းကြောင့် ပြောင်းရွှေ့နေကြရန် အသိပေးထားသည်။
ဘုရားဖြူရပ်ကွက်ရှိ ရုရှားကန်နှင့် သြတချောင်း၊ ထီသိမ်ကန်များမှ ရေဖောက်ချလိုက်ခြင်းကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်တချို့ ရေမြုပ်နိုင်သည်ဟုလည်း အသိပေးထားသည်။
#TachileikNewsAgency
Photo: Khun O Winn