ကလောမြို့ ရေဆက်တက်နေ

ကလောမြို့ ရေဆက်တက်နေ
စက်တင်ဘာ 11, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ကလောတစ်မြို့လုံး ရေကြီးရေလျှံဖြစ်နေပြီး ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် ရေဆက်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ 

လက်ရှိတွင် ကလောမြို့၌ ဖုန်းလိုင်းများပြတ်တောက်နေကာ မြေနိမ့်ပိုင်းရပ်ကွက်တချို့ ရေမြုပ်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်ဟုလည်း သိရသည်။ 

ကလောမြို့အဝင် ရေယားအတက်နှင့် အဆင်းလမ်းတလျှောက်တွင်လည်း မြေပြိုကျကာ သစ်ပင်များ လဲကျသဖြင့် ကားများ သွားလာရခက်ခဲနေသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: TGI Support Revolution