လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်နေသော စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များကို ညီနောင်သုံးဖွဲ့က နိုင်ငံတကာထံပေးပို့မည်

လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်နေသော စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များကို ညီနောင်သုံးဖွဲ့က နိုင်ငံတကာထံပေးပို့မည်
စက်တင်ဘာ 10, 2024 | 2021 Military Coup| နိုင်ငံရေး

 လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်နေသော စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှု မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာလက်လွှတ်ရန် နီးကပ်နေသော စစ်ရှုံးအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသား မျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကို မှတ်တမ်း တင်ထားပြီး အိမ်နီးချင်းနိုင်ငံများ၊ အကြမ်းဖက် တိုက်ခိုက်မှုကို မလိုလားသော ယဥ်ကျေးသည့် နိုင်ငံ တကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု ဆိုသည်။

အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့စဥ်ပုံစံအမျိုးမျိုးဖြင့် လက်ရဲဇက်ရဲကျူးလွန်နေသော စစ်ရှုံးစစ်ကောင်စီ ခေါင်းဆောင်များ၏ အမိန့်ပေးတာဝန်ပေးခြင်းခံရသော လေသူရဲများ အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွင် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။