မန္တလေးတွင် ရွှေဆိုင်ပိုင်ရှင် ဓါးပြတိုက်ခံရ၍ ရွှေထည်ပစ္စည်း (၁၀)ပိဿာ ပါသွား 

 မန္တလေးတွင် ရွှေဆိုင်ပိုင်ရှင် ဓါးပြတိုက်ခံရ၍ ရွှေထည်ပစ္စည်း (၁၀)ပိဿာ ပါသွား 

 မန္တလေးမြို့  ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်၏ ပိုင်ရှင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင် ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်(၁၀)ပိဿာပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)မင်္ဂလာစျေးအနီး ဖွင့်ထားလှစ်ထားသည့် ချောင်ချောင်ရွှေဆိုင်၏ ပိုင်ရှင်သည် ချမ်းမြသာစည်မြို့နယ် (၁၀၁)ဘီလမ်းနှင့် (၇၁)လမ်းရှိနေအိမ်တွင် ရွှေဆိုင်သို့သွားရန် ပြင်ဆင်နေစဉ် ဓါးပြဝင်တိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

"ရွှေတွေ ထည့်ထားတဲ့ခြင်းတွေကို သေနတ်ကိုင်ထားပြီး မျက်နှာဖုံးများအုပ်ထားတဲ့ လူ(၆)ဦးက အိမ်ရှေ့ မှာပဲ ဓားပြတိုက်ပြီးယူသွားတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရွှေများကိုယူပြီးနောက် ကားဖြင့်ထွက်ပြေးသွားခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းမမိသေးဟုလည်း သိရသည်။

မန္တလေးတွင် ရွှေဆိုင်များနှင့် ဘဏ်များ မကြာ ခဏ ဓားပြတိုက်ခံနေရသည်။