ထီးလင်းမြို့နယ်ရှိ စစ်ရေးပစ်မှတ်အား တော်လှန်ရေးအင်အားစုများမှ ပစ်ခတ်တိုက်ခိုက်

ထီးလင်းမြို့နယ်ရှိ စစ်ရေးပစ်မှတ်အား တော်လှန်ရေးအင်အားစုများမှ ပစ်ခတ်တိုက်ခိုက်
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်းရှိ ရေမျက်နီစခန်းမှ ပြန်ဆုတ်လာသည့် ထီးလင်းအထိုင်စစ်ကြောင်းအား ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ကြောင်း ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) ထံမှ သိရသည်။

ရေမျက်နီစခန်းမှပြန်ဆုတ်လာသည့် ထီးလင်းအထိုင်တပ်စစ်ကြောင်းအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့ ညနေ (၆) နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ မိုင်း (၅)လုံးဖြင့် စောင့်ဆိုင်းဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ် (၂၀)ခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း ၅ ရင်း စုဖွဲ့မှုလက်အောက်မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency