ပေါ်တာဆွဲခံရကာ စစ်မှုထမ်းရသူတစ်ဦး တနင်္သာရီ ပကဖထံ ထွက်ပြေးခိုလှုံ 

ပေါ်တာဆွဲခံရကာ စစ်မှုထမ်းရသူတစ်ဦး တနင်္သာရီ ပကဖထံ ထွက်ပြေးခိုလှုံ 
စက်တင်ဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် စစ်ကောင်စီ (၅၅၆)တပ်ရင်းအနီးတွင်၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာကြောင်း တနင်္သာရီပကဖထံမှ သိရသည်။ 

တပ်သား မင်းခန့်ဆိုသူသည် ရှေ့တန်းတစ်‌နေရာမှထွက်ပြေးလွတ်မြောက်လာပြီး တနင်္သာရီမြို့နယ် ပကဖ ဇုန်(၅)သို့ လာရောက်ခိုလှုံခြင်းဖြစ်ကြောင်း သိရသည်။ 

တပ်သားမင်းခန့်သည် ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းအုပ်စုတွင် နေထိုင်သူဖြစ်ပြီး လမ်းခရီးတစ်နေရာတွင်စစ်ကောင်စီမှ ပေါ်တာဆွဲ အဓမ္မတပ်သားစုဆောင်းခြင်းခံလိုက်ရပြီး စစ်သင်တန်းကို စကက(၆) ဟင်္သာတ၌ (၆)လအကြာ သင်တန်းတက်ခဲ့ရကာ ဇူလိုင်လ (၂၆)ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် (၂)သင်တန်းဆင်းလာသူဖြစ်သည်။ 

နှစ်လနီးပါးတာဝန်ထမ်းဆောင်ခဲ့ရပြီး စစ်ကောင်စီ (၁၀၁)တပ်ရင်းမှ တပ်သားအသစ်အဖြစ် ရှေ့တန်းပို့ခံလိုက်ရကာ စက်တင်ဘာလတွင် ရှေ့တန်းစစ်‌မြေပြင်တစ်နေရာမှ ထွက်ပြေးလွတ်မြောက်လာသည်ဟု ဆိုသည်။

#TachileikNewsAgency