တောင်သာမြို့နယ် တောင်နီတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

တောင်သာမြို့နယ် တောင်နီတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် တောင်နီတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တောင်သာမြို့နယ် တောင်နီတောင်ပေါင်တွင် အင်အား (၈၀) ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်ရာ စောင်းတန်းအတွင်း ထိမှန်ခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား နွားထိုးကြီး ပကဖ နှင့်အတူ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းတို့ အတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency