ရေဦးမြို့မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်

ရေဦးမြို့မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးမြို့မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ရေဦး PDF ထံမှ သိရသည်။

ရေဦးမြို့မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့ မနက်အစောပိုင်းတွင် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ရေဦးမြို့နှင့် ဒီပဲရင်းမြို့ကြား ရောက်ရှိချိန်တွင် ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း ရေဦး PDF မှ Fixed Wing Drone များဖြင့် ဗုံးသီး (၄) လုံး ပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF က ဆိုသည်။

ရေဦး PDF သည် သြဂုတ်လ (၈) ရက်နေ့ကလည်း ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အနေဖြင့် Fixed Wing Drone များဖြင့် ဗုံးသီး (၄)လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Photo: ရေဦး PDF