ရေဖြူမြို့နယ် ကျောက်ကညှာရွာတွင် ပြည်သူ့နေအိမ်များ၌ ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်

ရေဖြူမြို့နယ် ကျောက်ကညှာရွာတွင် ပြည်သူ့နေအိမ်များ၌ ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျောက်ကညှာရွာရှိ ပြည်သူ့နေအိမ်များတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့ (DG RF) အဖွဲ့ထံမှ သိရသည်။

ကျောက်ကညှာရွာရှိ ပြည်သူ့နေအိမ်များတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၈) ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင် တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ပြည်သူကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ DGRF(ထားဝယ် ပကဖ) Aဒင်မှူး ဥသြစစ်ကြောင်းနှင့် TPLF တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency