မြောင်းမြထောင်တွင် ထောင်အရာရှိနှင့် တန်းစီးများက နိုင်ကျဉ်းများအား ဖိနှိပ်နေ

မြောင်းမြထောင်တွင် ထောင်အရာရှိနှင့် တန်းစီးများက နိုင်ကျဉ်းများအား ဖိနှိပ်နေ

ဧရာဝတီတိုင်း မြောင်းမြအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများအား ထောင်အာဏာပိုင်များနှင့် ၎င်းတို့၏လက်ပါးစေ အခြားအမှု တန်းစီးများက အနိုင်ကျင့်ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)ထံမှ သိရသည်။ 

မြောင်းမြအကျဥ်းထောင်၊ အိပ်ဆောင် (၃)တွင် ဒုထောင်တာဝန်ခံ တင့်ဆွေ၊ အဆောင်မှူး စိုးရန်နိုင်နှင့် ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့က ဦးဆောင်၍ 

၎င်းတို့၏ လက်အောက်ငယ်သားများဖြစ်ကြသည့် မုဒိန်းမှု၊ လူသတ်မှုနှင့် အကျဉ်းကျနေသည့် နှစ်ကြီး အကျဉ်းသား မောင်အေးနှင့်အတူ အခြားအကျဉ်းသား ရဲသူအောင်(ဆေးမှု)၊ တုတ်ပေါ(ဆေးမှု) ဆိုသူတို့က နိုင်ငံရေးကျဉ်းများအား မတရားဖိနှိပ်ရိုက်နှက် အလုပ်ခိုင်းစေမှုများပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။  

မြောင်းမြအကျဥ်းထောင် အိပ်ဆောင်(၃)တွင် မုဒိန်းမှု၊ လူသတ်မှုနှင့် ပြစ်ဒဏ်ကျထားသည့် ပုံစံခန်း တန်းစီး မောင်အေး က အသစ်ဝင်လာသော နိုင်ငံရေးအကျဉ်းသားများထံမှ ပုံစံကြေး ငွေကျပ်(၅)သောင်းတောင်းခြင်း၊ မပေးနိုင်သည့် နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်နှိပ်စက်ခြင်း၊ လုပ်အားပေးအလုပ်များတွင် အလုပ်ပိုခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

မြောင်းမြအကျဥ်းထောင်မှ အရာရှိများသည်လည်း ညဘက်တွင် သောက်စားမူးယစ်ပြီး နိုင်ငံရေးအကျဥ်းသားများအား ခေါ်ယူ၍ရစ်ခြင်း၊ ၎င်းတို့အိမ်ကိစ္စ၊ မိသားစုကိစ္စများအား စိတ်တိုဒေါသထွက်လာတိုင်း ဆဲဆိုခြင်းများလုပ်ဆောင်ကြောင်း သိရသည်။

ပုံစံကြေးငါးသောင်းပေးပြီးသော်လည်း အိပ်ဆောင်မှူးအတွက်၊ ထောင်ပိုင်လေးအတွက်နှင့် ထောင်မှူးကြီးအတွက် ကွမ်းဖိုး၊ ဆေးဖိုးနှင့် အခန်းကုန်ကျစားရိတ်များကိုလည်းထပ်မံပေးရကြောင်း သိရသည်။

#TachileikNewsAgency