စစ်ကောင်စီတပ်သား နှစ်ဦး KNLA ထံ လက်နက်နှင့်တကွ အလင်းဝင်

စစ်ကောင်စီတပ်သား နှစ်ဦး KNLA ထံ လက်နက်နှင့်တကွ အလင်းဝင်
စက်တင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် KNU တပ်မဟာ (၃)နယ်မြေ ဆောထိမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သံဆိပ်စခန်းမှ စစ်ကောင်စီတပ်သား(၂)ဦး လက်နက်နှင့်အတူ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် အလင်းဝင်လာကြောင်း KNUထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ခမရ(၃၅၀)မှ တပ်သား(၂)ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃)ထံသို့ လက်နက်များနှင့်အတူ အလင်းဝင်ခဲ့သဖြင့် ငွေကျပ် သိန်း(၄၀)စီပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သား (၂)ဦးမှာ မောင်ဒဿ (၂၅)နှစ်နှင့် မောင်ဖြိုးကိုကို (၂၁)နှစ်တို့ဖြစ်ပြီး ၎င်းတို့ နှင့်အတူ MA1 တစ်လက်၊ MA2 တစ်လက်အပြင် ကျည် (၂၃၇)တောင့်လည်း ပါလာသည်ဟု သိရသည်။

#TachileikNewsAgency

Photo : Karen National Union