ကျောက်ပန်းတောင်းမြို့နယ် ပွဲခင်းရွာမပျူစောထီးကျေးရွာအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်

ကျောက်ပန်းတောင်းမြို့နယ် ပွဲခင်းရွာမပျူစောထီးကျေးရွာအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်

မန္တလေးတိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပွဲခင်းရွာမပျူစောထီးကျေးရွာအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်တိုက်နယ် ပွဲခင်းရွာမပျူစောထီးကျေးရွာအား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့ နေ့လယ် နှစ်နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး (၆)ဦး မျက်မြင်သေဆုံးခဲ့ပြီး Carbine (၂)လက်၊ တစ်တောင့်ထိုး Shotgun (၁)လက် ၊ Carbine ကျည် (၉၈) တောင့် ၊ Carbine ကျည်ဘောက် (၃)ခုနှင့် လက်ပစ်ဗုံး (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင် (၂)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ မကွေးတိုင်း ပ.က.ဖ ၊ Owk Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ Chauk Guerrila Force (C.G.F)၊ မြိုင် ပ.က.ဖ၊ Bagan Bo Cho၊ Y.R.F ပေါက် ပ.က.ဖ ၊ Chauk Revolution Army (C.R.A) ၊ ချောက် ပ.က.ဖ ၊ ပခုက္ကူမြို့နယ် (ပ.က.ဖ)၊ Kyaukpadaung Special Defense Force၊ တောဇီးကွက်မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ People Defense Force သခင်ဖိုးလှကြီး Chauk အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency