မြန်မာပြည်သူများနှင့် တစ်သွေးတည်း၊ တစ်သားတည်းရှိကြောင်း ညီနောင် ၃ ဖွဲ့ဆို

မြန်မာပြည်သူများနှင့် တစ်သွေးတည်း၊ တစ်သားတည်းရှိကြောင်း ညီနောင် ၃ ဖွဲ့ဆို
သြဂုတ် 12, 2024 | 2021 Military Coup

မြန်မာပြည်သူများနှင့် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ က ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များနှင့် အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော နိုင်ငံရေးရည်မှန်း ချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်းဖြစ်သည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သော ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သော အောင်မြင်မှု၊ မြို့သိမ်းတိုက်ပွဲများအပေါ် ဂုဏ်ပြုလွှာများ ပေးပို့လာကြသည့် အဖွဲ့အစည်းအသီးသီးနှင့် ဂုဏ်ပြုစကားပါးပေးကြသော လူပုဂ္ဂိုလ်အသီးသီးတို့အား ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ထားသည်။ 

ထို့အပြင် စစ်ဆင်ရေးနှင့်အတူ ၎င်းတို့အဖွဲ့အစည်းများအား ထောက်ခံအားပေးကြသော အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးကိုလည်း လေးနက်စွာ ဂုဏ်ပြုကျေးဇူးတင်ကြောင်းပေး ဖော်ပြထားသည်။

#TachileikNewsAgency