ရှမ်းမန်းစစ်ဆင်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များကို မန္တလေး PDF ကျေးဇူးတင်စကားဆို

ရှမ်းမန်းစစ်ဆင်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များကို မန္တလေး PDF ကျေးဇူးတင်စကားဆို

ရှမ်းမန်းစစ်ဆင်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များကို ကျေးဇူးတင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတို့တွင် ပူးပေါင်းပါဝင်နေသော မဟာမိတ်တော်လှန်ရေးအဖွဲ့များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းနှင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မဟာမိတ်ပူးပေါင်းတပ်များ၏ ဟန်ချက်ညီ ထိုးစစ်ဆင်ခြင်းကြောင့် စစ်ကောင်စီသည် အထိနာကျရှုံး မှုများ ရင်ဆိုင်နေရကာ မန္တလေးတိုင်းအတွင်းရှိ မိုးကုတ် နှင့် စဥ့်ကူးမြို့နယ်များအပါအဝင် နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ဆိုသည်။ 

အဆိုပါစစ်ဆင်ရေးများ အောင်မြင်စွာ ဖော်ဆောင်နိုင်ခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာမှ ပါဝင်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတို့တွင် ဟန်ချက်ညီတိုက်ပွဲဝင်နေပြီး ရည်မှန်းထားသော စစ်ရေးပစ်မှတ်များ၏ (၈၀)ရာခိုင်နှုန်းကျော်ခန့်ကို အောင်မြင်အောင် ဖော်ဆောင်ထားနိုင်ပြီဟု ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့များမှာ ကျောက်ဆည်ခရိုင်တပ်ရင်း(၁၊ ၂)၊ မြင်းခြံခရိုင်တပ်ရင်း(၄)၊ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း(၃)၊ ရွှေဘိုခရိုင်တပ်ရင်း (၇၊ ၈၊ ၁၀၊ ၁၄၊ ၁၅၊ ၁၆၊ ၁၈၊ ၂၃၊ ၂၅၊ ၂၆)၊ ရေစကြိုဒေါင်းညီနောင်တပ်ဖွဲ့၊ ဝက်လက်ဒေါင်းနီတပ်ဖွဲ့၊ စဥ့်ကိုင်တော်လှန်ရေးတပ်၊ တလုပ် PDF တပ်ဖွဲ့နှင့် National Liberation Army(NLA)တို့ပါဝင်သည်။

#TachileikNewsAgency