ရေစကြိုမြို့နယ်တွင် စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၅ ဦးကို တော်လှန်ရေးတပ်များ ဖမ်း

ရေစကြိုမြို့နယ်တွင် စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၅ ဦးကို တော်လှန်ရေးတပ်များ ဖမ်း

မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ရေစကြိုမြို့သို့ ထွတ်လာသည့် စစ်ကောင်စီယာဥ်တန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးကို ဖမ်းဆီးရမိကြောင်း Southern YSO PDF ထံမှ သိရသည်။

စစ်ကောင်စီယာဥ်တန်း (၃)စီးကို နတ်မိချောင်း စစ်ဆင်ရေး စစ်ကြောင်းမှ ဦးစီးကာ ပူးပေါင်းမဟာမိတ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးပြီး (၅)ဦးကို အရှင်ဖမ်းမိရာ သေနတ် G3 (၄)လက်၊ G3 ကျည် (၃၀၀)တောင့်၊ ကာဘိုင်ကျည် (၅၀၀)တောင့်တို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် (၅)ဦးတွင် ရဲ(၂)ဦးနှင့် ပြည်သူ့စစ် (၃)ဦး ပါဝင်ကြောင်း သိရသည်။

"ရဲတပ်သားတွေပဲ။ လက်ရှိတော့ သူတို့ကို ဧည့်သည်တော်ကြီးများလို ဧည့်ခံထားရတာပေါ့ဗျာ။"ဟု Southern YSO PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ခိုက်မှုကို Southern YSO PDF၊ BNRA၊ မြိုင် ပကဖ၊ ပြည်သူ့အားမာန်၊ MVP၊ အလင်းတန်းပြောက်ကျားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Southern YSO PDF