ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား PDF က ဒရုန်းဖြင့်တိုက်ခိုက်

ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား PDF က ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးခရိုင် ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF အဖွဲ့ထံမှ သိရသည်။

ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယမန်နေ့ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးအရေးတော်ပုံ (၃၆) နှစ်မြောက် အထိမ်းအမှတ်နေဖြင့် ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း ၊ ရေဦး PDF မှ Fixed Wing Drone များဖြင့် ဗုံးသီး (၄)လုံး ပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF အဖွဲ့က ဆိုသည်။

ရေဦး PDF အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီစစ်ရေးပစ်မှတ်များကို Fixed Wing Drone များ Rocket များဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency