ဇူလိုင်လအတွင်း အမျိူးသားညီညွတ်ရေးအစိုးရမှ လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် သန်းငါးရာကျော် အသုံးပြုခဲ့

ဇူလိုင်လအတွင်း အမျိူးသားညီညွတ်ရေးအစိုးရမှ လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် သန်းငါးရာကျော် အသုံးပြုခဲ့

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၅၇၅)သန်း အသုံးပြုခဲ့ပြီး အမှန်တကယ် အကူအညီလိုအပ်နေသူများထံ ပံ့ပိုးကူညီပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၅၇၅)သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ၊ စစ်ဘေးရှောင်ပြည်သူ (၂၄၇,၀၄၆)ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၄၆၂.၈)သန်း အသုံးပြုခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် ပြည်သူ (၁၆၂)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၅၃)ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၃၁.၆)သန်းကို အသုံးပြုခဲ့ကြောင်း သိရသည်။

CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (ဝ.၉)သန်းအသုံးပြုခဲ့ပြီး ၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁.၉)သန်း အသုံးပြုခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၅၃)သန်းအသုံးပြုခဲ့ပြီး ၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၂၄.၇)သန်း အသုံးပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လအတွင်း ပြည်နယ်နှင့်တိုင်းဒေသအလိုက် ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် မြို့နယ် (၃၁)မြို့မှ ကျေးရွာပေါင်း (၅၃၄)ရှိ လူဦးရေ (၅၀၄,၂၆၀)ဦးအတွက် ပံ့ပိုးကူညီပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးကာလ (၃)နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသည့် ပြည်သူများ၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူကြောင်းနှင့် ရှေ့ဆက်၍ မလျော့သောဇွဲဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြရန် အမျိုးသားညီညွတ်ရေးအစိုးရမှ တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: Ministry of Humanitarian Affairs and Disaster Management - NUG