သိမ်းပိုက်ထားသည့် ဘွမ်ရေဘွမ့်စခန်း ကာကွယ်ရေးဝန်ကြီးနှင့်အတူ KIA အမှတ် ၁ စစ်ဒေသမှူးတို့ သွားရောက်စစ်ဆေး

သိမ်းပိုက်ထားသည့် ဘွမ်ရေဘွမ့်စခန်း ကာကွယ်ရေးဝန်ကြီးနှင့်အတူ KIA အမှတ် ၁ စစ်ဒေသမှူးတို့ သွားရောက်စစ်ဆေး

ကချင်ဒေသ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့သော ဘွမ်ရေဘွမ့်(Bumre Bum)စခန်းအား NUG ကာကွယ်ရေးဝန်ကြီးနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်(အမှတ် ၁ စစ်ဒေသမှူး)တို့ ၂၀၂၄ ခုနှစ် မတ်လ (၂၀)ရက်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘွမ်ရေဘွမ့်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းတို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဘွမ်ရေဘွမ့် (Bumre Bum)စခန်းသည် စစ်ကောင်စီ၏ ရှေ့တန်းအမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့်(၇၇၁)မဆုတ်တမ်း အရေးကြီးခံစစ်စခန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦးဆောင်သော တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Ministry of Defence - National Unity Government of Myanmar