ရေစကြိုမြို့နယ် ကျောက်လှေခါးရွာ ကားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်း ၆၀ မမဖြင့် ပစ်ခတ်တို​က်ခိုက်ခံရ

ရေစကြိုမြို့နယ် ကျောက်လှေခါးရွာ ကားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်း ၆၀ မမဖြင့် ပစ်ခတ်တို​က်ခိုက်ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးရွာ ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Southern YSO PDF အဖွဲ့ထံမှ သိရသည်။

ရေစကြိုမြို့နယ် ကျောက်လှေခါးရွာ ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းအား ၂၀၂၄ခုနှစ် သြဂုတ်လ (၇)ရက်နေ့ နံနက် (၁) နာရီတွင် Southern YSO PDF ဦးဆောင်သည့် မဟာမိတ်အဖွဲ့များမှ စက်လတ်၊ စက်ကလေး၊ ၆၀ မမ မော်တာတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ (၆) ရက်နေ့ ည (၁၁) နာရီဝန်းကျင်တွင် အဆိုပါ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သောက်စားပြီး ထန်းငယ်တောကျေးရွာသို့ ၆၀ မမ ဖြင့် ပစ်ခတ်ရာ အရပ်သားနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးသေဆုံးကာ ၊ တစ်ဦး ထိခိုက်ခဲ့သည့်အပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း Southern YSO PDF အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း ၆၀ မမ အသီး (၃) လုံး စစ်ကောင်စီစခန်းအတွင်းသို့ တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Southern YSO PDF အဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုအား Southern YSO PDF ၊ BNRA ၊ ပခုက္ကူခရိုင် ရင်း၃ ၊ Yesagyo Revolution Group(YRG) ၊ ဒေါင်းစစ်သည် ၊ ဒေါင်းသွေးနီ ၊ ဒေါင်းညီနောင် ၊ ပြည်သူ့အားမာန် PDF နှင့် King Cobra စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Southern YSO PDF