တွေ့ဆုံဆွေးနွေးရေးအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ တောင်းဆို

တွေ့ဆုံဆွေးနွေးရေးအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ တောင်းဆို
ဇူလိုင် 30, 2024 | 2021 Military Coup

တွေ့ဆုံဆွေးနွေးရေးအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီက ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ ရက်စွဲဖြင့် ယနေ့တွင် ထုတ်ပြန်လာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် ပဋိပက္ခဖြစ်ပွားသော အဖက်ဖက်များကို အပြင်းအထန်ထိခိုက်သွားသော ပြည်သူတို့၏ စီးပွားရေးကို ပြန်လည်နလန်ထူစေရန်နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုကို လုံခြုံရေးအာမခံချက်ရှိစွာ နေရပ်သို့ပြန်ရောက်စေရန်အတွက် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် တိုက်တွန်းထားသည်။

ဝ ပြည်နယ်အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏အင်အားဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency