မြင်းမူမြို့နယ်အတွင်း အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းအား ဒရုန်းဖြင့် ဗုံးသီး ပစ်ချတိုက်ခိုက်

မြင်းမူမြို့နယ်အတွင်း အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းအား ဒရုန်းဖြင့် ဗုံးသီး ပစ်ချတိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းလမ်းခွဲတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo Waw နည်းပညာသုံး Fixed Wings Drone များဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း PEACOCK DRONE TEAM-MYAUNG အဖွဲ့ထံမှ သိရသည်။

မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းလမ်းခွဲတွင် အထိုင်ချတပ်စွဲနေသည့် အင်အား (၃၅)ဦးခန့်ရှိ စစ်ကောင်စီတပ်စခန်းအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့ ညနေ (၆)နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo Waw နည်းပညာသုံး Fixed Wings Drone များဖြင့် ဗုံးသီး (၉) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း PEACOCK DRONE TEAM-MYAUNG အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို PEACOCK DRONE TEAM-MYAUNG ၊ STANDARD REVOLUTION FORCE SRF-MMU၊ မိုင်းမင်းသားတို့နှင့်အတူ နယ်မြေခံ PDFများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency