ရှမ်းတောင်ပိုင်းကို ကာကွယ်မည်ဟု RCSS ကြေညာ

ရှမ်းတောင်ပိုင်းကို ကာကွယ်မည်ဟု RCSS ကြေညာ
ဇူလိုင် 29, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကာကွယ်ရေးအတွက် RCSSက တာဝန်ယူမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကြေညာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ကာ အဘက်ဘက်က ယိုယွင်းကျဆင်းလာမှုများ၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းများကြောင့် ပြည်သူများ ဒုက္ခကြီးစွာ ကြုံနေရသည်ဟု ၎င်းတို့၏ ၂၀၂၄ ၆ လပတ် အစည်းအဝေးထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့် တော်လှန်ရေးအဖွဲ့အချို့အနက်မှ တစ်ဖွဲ့ဖြစ်သည်။

#TachileikNewsAgency