စစ်ကိုင်းတိုင်း ကောလင်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ကောလင်းမြို့ရဲစခန်းအား သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဥ်းသားများအား အန္တရာယ်ကင်းစွာ ခေါ်ထုတ်လာနိုင်ခဲ့ကာ လုံခြုံသောနေရာ၌ ထားရှိကြောင်း Kawlin Revolution - KRထံမှ သိရသည်။
ကောလင်းရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်သည်ကို ဒေသခံများကလည်း Tachileik News Agency ကို အတည်ပြုသည်။
ဆက်လက်၍ မြို့တွင်း၌ ကျန်ရှိနေသော ပြည်သူများအား တော်လှန်ရေးတပ်များက တတ်နိုင်သမျှ ခေါ်ထုတ်ပေးမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၃)ရက်နေ့ကစတင်ကာ ကောလင်းမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားများ ထိခိုက်သေဆုံးသူလည်း ရှိခဲ့သည်။
စစ်ကောင်စီသည် ကောလင်းမြို့ကို ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မီးလောင်ပျက်စီးမှုများလည်း ရှိသည်ဟု သိရသည်။
#TachileikNewsAgency