အောင်ပန်း - ပင်လောင်း - လွိုင်ကော်လမ်း မြေပြို၍ လမ်းပိုင်းပြတ်တောက်

အောင်ပန်း - ပင်လောင်း - လွိုင်ကော်လမ်း မြေပြို၍ လမ်းပိုင်းပြတ်တောက်

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ပင်လောင်းနှင့် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး၏ လမ်းပိုင်းတွင် မိုးများ၍ မြေပြိုကျကာ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃)ရက်နေ့တွင် လမ်းပိုင်းပြတ်တောက်နေကြောင်း သိရသည်။

အဆိုပါ လမ်းမကြီး၏ ပင်လောင်းမြို့နယ် ပင်ကာလကျေးရွာအနီးတွင် မိုးများ၍ ရေကြီးမှုကြောင့် လမ်းပိုင်းပြိုကျသွားကာ ကားတစ်စီးလည်း မျောပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

"အခုတော့ သွားမရအောင်ကို ပျက်သွားပြီ။ ဒီလမ်း အမြန်ဆုံးပြန်မကောင်းရင် ဖြတ်လမ်းသွားရဖို့ တော်တော်ခက်ပါတယ်။"ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပင်လောင်းမြို့နယ်၊ ပင်ခွန်ကျေးရွာအနီးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: ခဲတစ်