စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါ အရာရှိများနှင့် တပ်သားများကို ဖမ်းဆီးရမိထား

စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါ အရာရှိများနှင့် တပ်သားများကို ဖမ်းဆီးရမိထား

မန္တလေးတိုင်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါ အရာရှိများနှင့် တပ်သားများကို ဖမ်းဆီးရမိထားကြောင်း မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းထံမှ သိရသည်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့တွင် ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး (၄)ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး(၄)ဦး၊ ဒုတပ်ကြပ်ကြီး(၄)ဦး၊ တပ်ကြပ်(၂)ဦးနှင့် တပ်သား(၉)ဦးတို့အပြင် စခန်းမှူး (၂)ဦး(လက်ပံလှ၊ စဉ့်ကူး)၊ စဉ့်ကူးမြို့ နယ် ရေတော်ပျူစောထီးခေါင်းဆောင် ငနိုင်၊ ဒိုးပင်ကုန်းနှင့် ဇီးပင်ကုန်း ပျူစောထီးခေါင်းဆောင် ထွန်းလင်း စသည့် စဉ့်ကူးမြို့နယ်တွင် ပြည်သူများအပေါ် အဓမ္မ ဖမ်းဆီး၊ အနိုင်ကျင့်၊ လုယက်၊ သတ်ဖြတ်၊ ငွေညှစ်ခဲ့ကြသော ပျူစောထီးခေါင်းဆောင်များ အပါအဝင် ပျူစောထီးလက်နက်ကိုင်များကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းမှ MDY PDF ထံ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းများကို လွှဲပြောင်းအပ်နှံခဲ့ကြပြီး တစ်နိုင်ငံလုံးရှိ စစ်ကောင်စီတပ်များမှ စစ်သည်များကို လက်နက်ချ အလင်းဝင်ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: အမှတ် -၁၂၂၂ တပ်ရင်း