နောင်ချိုမြို့ရှိ စစ်ရှောင်ဒေသခံများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်က ဆန်ပေးဝေ

နောင်ချိုမြို့ရှိ စစ်ရှောင်ဒေသခံများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်က ဆန်ပေးဝေ
ဇူလိုင် 21, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA နှင့် ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် နောင်ချိုမြို့ရှိ ဒေသခံများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က ဆန်များပေးဝေကြောင်း သိရသည်။

စစ်ဘေးရှောင်ရာမှ ပြန်လာကြသော နောင်ချိုဒေသနေပြည်သူများအား ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)မှ လူသားချင်းစာနာမှုဖြင့် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်  ဆန်များပေးဝေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီး မြို့ကိုလည်းသိမ်းပြီဖြစ်ကြောင်း ဇူလိုင်လ(၁၀)ရက်နေ့တွင် TNLA က ထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency

Photo: Danu People's Liberation Front