သမ္မတဖြစ်ချင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူးရယူ

သမ္မတဖြစ်ချင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူးရယူ
ဇူလိုင် 22, 2024 | 2021 Military Coup

သမ္မတဖြစ်ချင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဖွဲ့အစည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကာ သမ္မတရာထူးကိုရယူလိုက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့ ညပိုင်းတွင် ကြေညာသည်။

၎င်းတို့၏ ရုပ်သေးသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာအခြေအနေမကောင်းသဖြင့် ၎င်း၏လွှဲပြောင်းမှုအရ အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတရာထူးကိုလွှဲပြောင်းရယူသည်ဟု သိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ကာလုံအစည်းအဝေးကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများဆောင်ရွက်ရန်ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ်ကာလတို့တွင် ယာယီသမ္မတတာဝန်၊ ဝတ္တရားတို့ကို စစ်ခေါင်းဆောင်ထံ လွှဲအပ်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ စစ်ကောင်စီရုံးသို့ ပေးပို့သည်ဟု ဆိုသည်။

ထို့ကြောင့် ယနေ့ ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၁၁)နာရီခွဲအချိန်တွင် ကာလုံကိစ္စရပ်များအလို့ငှာ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်တွင် သမ္မတ(၃)ဦးရှိသည့်အနက် စစ်ခေါင်းဆောင်သည် အာဏာသိမ်းစဉ်က နိုင်ငံတော်သမ္မတကို ဖမ်းဆီးထောင်ချထားသည့်အပြင် ဒုတိယသမ္မတ(၂)ကို ပြီးခဲ့သည့်ရက်ပိုင်းက အနားပေးလိုက်ပြီးနောက် ယခု ဒုတယသမ္မတ (၁)ကိုလည်း ကျန်းမာရေးကြောင့်ဟုဆိုကာ ၎င်းက သမ္မတရာထူးကို တက်ယူလာခြင်းဖြစ်သည်။

#TachileikNewsAgency