ပခုက္ကူမြို့နယ်အတွင်း ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

ပခုက္ကူမြို့နယ်အတွင်း ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

မကွေးတိုင်း ပခုက္ကူမြို့နယ် တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း People Defence Force – Kamma(ကမ္မတပ်ပေါင်းစု) ထံမှ သိရသည်။

တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့တွင် တွင်းမရွာ၏ မြောက်ဘက်တစ်နေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ နံနက် (၂) နာရီဝန်းကျင်တွင် တစ်ကြိမ် ၊ (၅) နာရီဝန်းကျင်တွင် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ထိတွေ့တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီးနောက် တွင်းမရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း ကမ္မတပ်ပေါင်းစုမှ ဆိုသည်။

သိမ်းဆည်းရမိသော လက်နက်များမှာ RPG7 ဖူး (၅)ဖူး၊ ပို့ယမ်း (၁၀)တောင့်၊ 60 MM (၅)ဖူး၊ ကာဘိုင်ကျည် (၁၅၀၀)တောင့်၊ တော်ပီဒိုယမ်း အချောင်း (၆) ချောင်း၊ ဆန်အိတ် (၈)အိတ်၊ ဖုန်း (၂)လုံးနှင့် ဆေးပစ္စည်းအစုံတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို People Defence Force – Kamma(ကမ္မတပ်ပေါင်းစု)၊ ပကဖ အမှတ်(၁) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ်(၂) တပ်ရင်း၊ မြိုင် ပကဖ တပ်ရင်း(၁)၊ တပ်ခွဲ(၂) ဂဠုန်၊ Leopard Guerrilla Force၊ King Fighter(SGF) Myaing Warriors တပ်ဖွဲ့နှင့် KMDF(ကမ္မတပ်ပေါင်းစု)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency