ရေဦးမြို့ တိုင်းရင်းဆေးရုံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ Rocketဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရေဦးမြို့ တိုင်းရင်းဆေးရုံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ Rocketဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ရေဦးခရိုင် ရေဦးမြို့ တိုင်းရင်းဆေးရုံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Rocketများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း၊ ရေဦး PDF မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေဦးမြို့တိုင်းရင်းဆေးရုံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ယနေ့ ဇူလိုင်လ (၁၉)ရက်နေ့တွင် ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း၏ Rocket တပ်ဖွဲ့မှ SSB14B Rocket (၄) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိ၊မရှိကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF မှ ဆိုသည်။

ယခုတိုက်ခိုက်မှုသည် ရေဦး PDF ၏ ဇူလိုင်လအတွင်း စစ်ကောင်စီစခန်းများကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ (၃) ရက်နေ့ကလည်း ရေဦးမြို့အနောက်ဘက်အထွက် ဂါဝီပန်းခြံအနီးတွင် ဘန်ကာများဆောက်လုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: YEU PDF