ဖလမ်းမြို့ ခလရ ၂၆၈ မှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ CNO/CNDF ထံ အလင်းဝင် 

ဖလမ်းမြို့ ခလရ ၂၆၈ မှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ CNO/CNDF ထံ အလင်းဝင် 

ချင်းပြည်နယ် ဖလမ်းမြို့ ခလရ (၂၆၈) မှ ဒုတပ်ကြပ်တစ်ဦးသည် လက်နက်နှင့်အတူ CNO/CNDF ထံ အလင်းဝင်ရောက်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ထံမှ သိရသည်။

ဖလမ်းမြို့ ခလရ (၂၆၈) မှ ဒုတပ်ကြပ် မိုးဇက်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ်ထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်ကြပ်သည် ၎င်းနှင့်အတူ MA-4 (၁)လက်၊ ကျည်ဘောက် (၄)ခု၊ ကျည်ဆံ (၁၂၀)တောင့်နှင့် 40 MM ဗုံးသီး (၁၄)လုံးတို့ကို ယူဆောင်လာခဲ့ပြီး CNO/CNDF မှ ဆုကြေးငွေ သိန်း (၈၀) ချီးမြှင့်ခဲ့ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၃၁)ရက်နေ့ကလည်း ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် (၃) ဦးသည် လက်နက်နှင့်အတူ CNO/CNDF ထံ အလင်းဝင်ရောက်ခဲ့ပြီး ၎င်းတို့အား ဆုကြေးငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Chin National Organization