ကန့်ဘလူမြို့နယ် ကံကြီးအနောက်ရွာတွင် အာဏာသိမ်းတပ်က နေအိမ်များ မီးရှို့နေ

Photo: ကန့်ဘလူ PDF
Photo: ကန့်ဘလူ PDF
ကန့်ဘလူမြို့နယ် ကံကြီးအနောက်ရွာတွင် အာဏာသိမ်းတပ်က နေအိမ်များ မီးရှို့နေ
ဒီဇင်ဘာ 17, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကံကြီးအနောက်ရွာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်ဝင်လာပြီး ကျေးရွာတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က အင်အား (၄၀) ဝန်းကျင်ဖြင့် ကျေးရွာတွင်း ဝင်လာကြခြင်းဖြစ်ကြောင်း သိရပြီး အာဏာသိမ်းတပ် အနီးဝန်းကျင်တွင် ရှိနေ၍ ကန့်ဘလူ - ကောလင်းလမ်းပိုင်းကိုလည်း အထူးဂရုစိုက်သွားလာကြရန် ကန့်ဘလူ PDF က သတိပေးထားသည်။

အာဏာသိမ်းတပ်က စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်ဖြင့် ကြဲချဖြန့်ဝေထားသည့် ဝါဒဖြန့်ခြိမ်းခြောက်စာများတွင် ၎င်းတို့နှင့် မပူးပေါင်းသည့် ကျေးရွာများကိုဖျက်မည်ဟု ခြိမ်းခြောက်ထားသည်ကိုလည်း တွေ့ရသည်။