ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း မြို့လှK-PDFထံမှ သိရသည်။
ကျောက်ကြီးရွာမှ ရွှေပဒေသာရွာသို့ စစ်ကြောင်းထိုးကာ အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ပြီး ညနေပိုင်းတွင် ဆင်တပ်ရွာသို့ စစ်ကြောင်းထိုးလာရာက မြို့လှ K-PDFတပ်ရင်းမှ မိုင်း(၂)ကြိမ်ဆွဲပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးသူများနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို စက်လှေများဖြင့် ရွှေကူဘက်ကမ်းမှတဆင့် ခလရ(၅၆)တပ်တွင်းသို့ သယ်ဆောင်သွားသည်ဟု သိရသည်။
၎င်းစစ်ကောင်စီတပ် ခလရ(၁၀)၊ ခမရ(၄၁၅)တို့သည် ပြီးခဲ့သည့် မေလပိုင်းကလည်း ရွှေကူမြို့နယ် ရေလဲရွာရှိ အိမ်ခြေ(၄၀)ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo : Myo Hla PDF