၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 

၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ထွက်လာသည့် ကြေးနီတင်တွဲကား (၁၇) စီးပါယာဉ်တန်း အနက် (၆) စီးမြောက်တွဲကားနှင့် (၇) စီးမြောက်တွဲကားတို့အား ဇူလိုင်လ (၁) ရက်နေ့ ညနေ ငါးနာရီခွဲခန့်တွင် နတ်ရေကန်နှင့် ရေပိုးစားကြား၌ ထန်းလုံးမိုင်းအကြီး (၂) လုံး (၂)ပွိုင့် စုစုပေါင်း (၄) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် တစ်စီးမှာ ခေါင်းပိုင်းထိမှန်ခဲ့ပြီး ကျန်တစ်စီးမှာ ခါးပိုင်းအားထိမှန်ခဲ့ကာ အရှိန်လျှော့၍ ဆက်လက်မောင်းနှင်သွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေကြောင်း People's Defence Force - South Monywa မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa ၊ Youth Vigor Revolution Force ၊ Black Hunter People's Task Force ၊ နွေဦးလူငယ်People's Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency