မြိုင်မြို့နယ် သရက်ကန်ပြည်သူ့စစ်ကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့များမှ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ သရက်ကန်ပြည်သူ့စစ်ကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့များမှ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Young Force – UG မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ရှိ သရက်ကန်ပြည်သူ့စစ်ကျေးရွာအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၃၀) ရက်နေ့ မနက် (၈) နာရီတွင် Rocket (၅) လုံး ပစ်ခတ်ခဲ့ပြီး မနက် ရှစ်နာရီခွဲအချိန်တွင် နောက်ထပ် Rocket (၅) လုံး ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

PDF ပူးပေါင်းတပ်ဖွဲ့များ ပစ်ခတ်ခဲ့သည့် Rocket ဗုံးသီးများသည် သရက်ကန်ပြည်သူ့စစ်ကျေးရွာထဲရှိ နေရာအများအပြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းပြန်လည်ကြားသိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း Young Force – UG မှ ဆိုသည်။

တိုက်ခိုက်မှုပြုလုပ်စဉ် စစ်ကောင်စီတပ်သားများသည် တုံပြန်မှုတစ်စုံတစ်ရာမှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဘန်ကာထဲမှ မထွက်သဖြင့် ၎င်းတို့ ရွာပြင်သို့ထွက်လာချိန်တွင် ပစ်ခတ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်မှု မပြုလုပ်ခဲ့ရဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားသစ်နက်တပ်ဖွဲ့ ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၂ မှ Cobra One ၊ Taty-PKU ၊ Thurain – TR နှင့် Young Force – UG အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency

Video: Young Force – UG