ရှမ်းမြောက်တွင် ၅ ရက်အတွင်း စစ်ကောင်စီတပ်သား ၅၃ ဦးအလင်းဝင်

ရှမ်းမြောက်တွင် ၅ ရက်အတွင်း စစ်ကောင်စီတပ်သား ၅၃ ဦးအလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ(၂၅)ရက် မှ (၂၉)ရက်‌နေ့ အထိ စစ်ကောင်စီတပ်ဖွဲ့ ဗိုလ်မှူးအဆင့်အပါ တပ်ဖွဲ့ဝင် (၅၃)ဦး လက်နက်ချအလင်းဝင်ကြောင်း TNLA ထံမှ သိရသည်။

(၅)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ် ကြပ်(ယာဉ်ထိန်း) (၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ် (၉)ဦး၊ ရဲတပ်သား (၁)ဦးနှင့် တပ်သား (၁၉)ဦး တပ်ဖွဲ့ဝင် (၅၃)ဦးတို့ လက်နက်ချ အလင်းဝင်သည်ဟု သိရသည်။

ဇွန်လ (၂၆)ရက်နေ့တွင်လည်း နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ (၅၀)ကျော် သိမ်းဆည်းရမိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇)ဦးလည်း တအာင်းတပ်မတော် TNLAထံ လက်နက်ချ အလင်းဝင်ခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News