နံ့သာရွာစခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်ရာ ဗိုလ်ကြီးအပါ (၁၄)ဦး သေဆုံး

နံ့သာရွာစခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်ရာ ဗိုလ်ကြီးအပါ (၁၄)ဦး သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နံ့သာရွာစခန်းအား တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသထံမှ သိရသည်။

နံသာရွာစခန်း‌တွင် အခြေချနေသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ပြုံးမောင်မောင် ဦးစီး တပ်မ(၇၇)လက်အောက်ခံ ခလရ (၆) အင်အား (၁၄)ဦးအား ကသာခရိုင် တပ်ရင်း (၂)၊ KIA နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ပြုံးမောင်မောင်အပါ (၁၄)ဦးသေဆုံးပြီး လက်နက်မျိုးစုံ (၂၀)လက်၊ ဒရုန်းဖျက်လက်နက် (၁)လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂)လုံး၊ မိုင်းမျိုးစုံ (၁၅)လုံး၊ ကျည်အိမ်မျိုးစုံ (၄၁)ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁)လုံး၊ Power Station (၁)လုံး၊ ဦးထုပ် (၁၁) ခု၊ ဆန်အိတ် (၄၁)အိတ်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲဖြစ်ရာနေရာသို့ ဂျက်တိုက်လေယာဉ် (၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော် (၂)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency