စစ်ကိုင်းခရိုင်အတွင်း မြင်းမူမြို့မရဲစခန်းနှင့် စစ်ကောင်စီဂိတ်စခန်းများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းခရိုင်အတွင်း မြင်းမူမြို့မရဲစခန်းနှင့် စစ်ကောင်စီဂိတ်စခန်းများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင်အတွင်းရှိ မြင်းမူမြို့မရဲစခန်းနှင့် စစ်ကောင်စီဂိတ်စခန်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Fixed Wings Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Sagaing District Drone Force-SDDF အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းခရိုင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကြားတစ်နေရာတွင် ပြည်သူလူထုထံ ဂိတ်ကြေးကောက်ခံနေသည့် စစ်ကောင်စီဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ခုနှစ် ဇွန်လ (၂၄) ရက်နေ့ နေ့လယ် တစ်နာရီခွဲခန့်မှ သုံးနာရီခွဲခန့်အထိ အချိန် (၂) နာရီခန့်ကြာ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB (၅)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြင်းမူမြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်သားများ အခြေချနေသည့် ကြားနေရာအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၂၄) ရက်နေ့ ညနေ (၄) နာရီခန့်တွင် Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB (၂)လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း  Sagaing District Drone Force-SDDF အဖွဲ့မှဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို Sagaing District Drone Force-SDDF ၊ စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း၊ မြင်းမူ ပကဖ၊ URBAN HUNTER FORCE(UHF)၊ လျှပ်တပြက် စွန်ညို ၊ Meikhtila Special defence Force နှင့် Black Eagle တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Sagaing District Drone Force