ဗုံးကြဲခံရသည့် သံတွဲမြို့ ရွှေကျောင်းပြင်ရွာ

ဗုံးကြဲခံရသည့် သံတွဲမြို့ ရွှေကျောင်းပြင်ရွာ

ရခိုင်ပြည်နယ် သံတွဲမြို့ ရွှေကျောင်းပြင်ရွာကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဇွန်လ (၂၂)ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်းအပါအဝင် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးကာ ဒေသခံ(၂)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာရက္ခတပ်တော်(AA)ရောက်ရှိနေသည်ဆိုသည့် သတင်းပေးမှုကြောင့် ရွှေကျောင်းပြင်ရွာကို နှစ်ရက်ဆက် ဗုံးကြဲခြင်းဖြစ်ပြီး နေအိမ်အလုံး(၂၀)ကျော် ပျက်စီးမှုရှိသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေရပ်သို့ ပြန်လာနိုင်ခြင်းမရှိသေးသည့်အပြင် တိုက်ပွဲအခြေအနေကြောင့်လည်း သံတွဲမြို့ပေါ်ရှိ ဒေသခံများလည်း တိမ်းရှောင်နေကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Than Khin