နတ်တလင်းတွင် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေချိန်တွင် လက်နက်လုယူထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

နတ်တလင်းတွင် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေချိန်တွင် လက်နက်လုယူထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေချိန်တွင် လက်နက်လုယူခုခံထွက်ပြေးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ သေဆုံးကြောင်း တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)၊ နတ်စစ်သည်တပ်ဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် ခမရ (၄၃၁)မှ ဖြစ်ပြီး နတ်တလင်းမြို့နယ် အရှေ့ခြမ်းရွာများတွင် တပ်ထွက်အဖြစ် ဟန်ဆောင်ကာ သတင်းထောက်လှမ်းနေစဉ်တွင် နတ်စစ်သည်တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းနေစဉ် လက်နက်လုယူထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့မှ ဆိုသည်။

၎င်း၏ သတင်းပေး ထောက်လှမ်းမှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် အပြစ်မဲ့ပြည်သူများစွာရှိခဲ့ပြီး ဆက်လက်၍ ထောက်လှမ်းရေးများ ၊ စစ်ကောင်စီထောက်တိုင်များနှင့် သတင်းပေးများအား ပြတ်သားစွာ အရေးယူရှင်းလင်းသွားမည်ဖြစ်ကြောင်း နတ်စစ်သည်တပ်ဖွဲ့မှ ဆိုသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ သာယာဝတီခရိုင်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့