ပေါက်တောမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ ဒေသခံများ ဒဏ်ရာရ

ပေါက်တောမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ ဒေသခံများ ဒဏ်ရာရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင် လေကြောင်းမှဗုံးကြဲရာ ဒေသခံ (၁၀)ဦး ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)ထံမှ သိရသည်။

စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် ပေါက်တော မြို့ပေါ်ရပ်ကွက် (၁) သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင် မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအား (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

(၄)ကြိမ်တိုက်ခိုက်မှုကြောင့် ဒရော့ဗုံး (၁၃) ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး (၆)ဦးနှင့် အမျိုးသား (၄)ဦးတို့မှာ အကြီးစား၊ အ‌လတ်စား၊ အသေးစားဒဏ်ရာများရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးသွားသည်ဟု သိရသည်။

ဒဏ်ရာရသူများမှာ ပေါက်တောမြို့ ရပ်ကွက် (၁)မှ ဦးညီညီအောင် (၃၇)နှစ်နှင့် ဦးနေဝင်း (၃၈)နှစ်၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်မှ ဒေါ်နှင်းချေ (၃၈)နှစ်၊ ‌ဒေါ်အေးကျော့စိန် (၅၃)နှစ်နှင့် ဦးအောင်ကျော်စိုး (၄၅)နှစ်၊ လက်ပံပြားကျေးရွာမှ မချေယဉ်သန်း (၁၆)နှစ်၊ ဒေါ်နုအေး (၃၀)နှစ်၊ ဒေါ်ဇနီးမယ် (၅၀)နှစ်၊ ဒေါ်ဦးမေသန်း (၅၇)နှစ်နှင့် ဦးလှမောင်သန်း (၂၈)နှစ်၊ မြို့ပေါ်ရပ်ကွက် (၁)မှ ဦးညီညီအောင်တို့  ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: AA Info Desk