စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး KNU ထံအလင်းဝင်

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး KNU ထံအလင်းဝင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၆)ထံ ဗိုလ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ယနေ့၂၀၂၄ ခုနှစ် ဇွန်လ(၇)ရက်နေ့တွင် အလင်းဝင်လာကြောင်း သိရသည်။

မော့ကနင်အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခလရ(၁၀၆)မှ အသက် (၃၅)နှစ်ရှိ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်သည်  MA-3 (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ကျည် (၁၃၀)တောင့်၊ MA-5 (၁)လက်၊ ကျည်ဘောက် (၁)ခု၊ ကျည် (၁၁)တောင့်နှင့် အီနာဂါ ဗုံးသီး (၄)လုံးတို့ဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်အား KNLA တပ်မဟာ (၆)မှ ထောက်ပံ့ငွေ ငွေကျပ်သိန်း (၇၀)ပေးအပ်ကြောင်း သိရသည်။

တပ်မဟာ (၆)ထိန်းချုပ်နယ်မြေတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များသည် တပ်မအလိုက် ဖွဲ့စည်းပုံပျက်သွားခဲ့ပြီး လူအင်အား ၊ လက်နက်အင်အားများ လျှော့နည်းလာသည့်အပြင် စိတ်ဓာတ်ရေးရာအရလည်း ကျဆင်းလာသည့်အတွက် အထက်အမိန့်ကိုဖီဆန်၍ KNU ထံ အလင်းဝင်လာကြခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Dooplaya District