သပိတ်ကျင်းခရိုင်ကို တော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက် စစ်ကောင်စီထောက်ခံသူများက မန္တလေးမြို့ကို ထိန်းသိမ်းရမည်ဆိုကာ လူထုကိုလှုံ့ဆော်

သပိတ်ကျင်းခရိုင်ကို တော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက် စစ်ကောင်စီထောက်ခံသူများက မန္တလေးမြို့ကို ထိန်းသိမ်းရမည်ဆိုကာ လူထုကိုလှုံ့ဆော်

မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ကိုကြောက်လှန့်နေသည့် စစ်ကောင်စီထောက်ခံသူများက မန္တလေးမြို့ကို ပြည်သူများက ထိန်းသိမ်းရမည်ဟုဆိုကာ ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့တွင် လူစုလူဝေးဖြင့် မန္တလေးမြို့၌ ဆန္ဒပြကြောင်း သိရသည်။

တော်လှန်ရေးတပ်များက မန္တလေးတိုင်း သပိတ်ကျင်းခရိုင်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီးနောက် မန္တလေးမြို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်မည်ကို ကြောက်လှန့်နေသည့် စစ်ကောင်စီတပ်ထောက်ခံသူများက မန္တလေးမြို့မပျက်စီးရန်၊ ရှေ့ဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်ဟုဆိုကာ မန္တလေးပြည်သူများ‌ကို လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သည် ကုသိုလ်တော်ဘုရား၊ ခြင်္သေ့ကြီးနှစ်ကောင်၊ (၁၂)လမ်း၊ လမ်း (၈၀)၊ ဈေးချိုတော်၊ ဘုရားကြီး၊ တံခွန်တိုင်းအဝိုင်းမှ အောင်ပင်လယ်ဘိုးဘိုးကြီးနတ်နန်းအထိ ယာဉ်များဖြင့် လှုံ့ဆော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency