ပုသိမ်ကြီးမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု စီးလာသောကား ဓားပြတိုက်ခိုက်ခံရပြီး ရွှေ ၁၈ သားနှင့် ငွေကျပ် သိန်း ၃၀ ကျော်ပါသွား

ပုသိမ်ကြီးမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု စီးလာသောကား ဓားပြတိုက်ခိုက်ခံရပြီး ရွှေ ၁၈ သားနှင့် ငွေကျပ် သိန်း ၃၀ ကျော်ပါသွား

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု စီးလာသောကားကို လူတစ်စုက သေနတ်ဖြင့်တားကာ ရွှေ(၁၈)ကျပ်သားနှင့် ငွေကျပ်သိန်း(၃၀)ကျော်အား ဓားပြတိုက်ယူသွားသည်ဟု ဒေသခံများထံမှ သိရသည်။

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ည(၇)နာရီခွဲကျော်က ၆၀(ဘီ)လမ်း × ၁၉ လမ်းရှိ ပြည့်လျံအောင် ရွှေဆိုင်ပိုင်ရှင် ကိုဇေယျာအောင်မောင်း၍ မိသားစုဝင်(၃)ဦး လိုက်ပါလာသောကားကို လူ(၅)ဦးဝန်းကျင်က သေနတ်ဖြင့်ချိန်၍ တားဆီးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကားအားမောင်းနှင်၍ ရွှေထည်များအားယူသွားပြီးနောက် ရန်ကင်းတောင်အနီးရှိ ဧက(၁၀၀)ကွင်း အရှေ့ဘက် မန်းကျည်းပင်အောက်တွင် မျက်လုံးကိုအဝတ်စီး၍ ထားခဲ့သည်ဟု သိရသည်။

အဆိုပါဓားပြမှုတွင် ကျူးလွန်သူများအား ဖမ်းဆီးရမိခြင်းမရှိသေးဟုလည်း သိရသည်။

ယမန်နေ့က မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်ကို ဓားပြတိုက်သူအား ယနေ့တွင် ဖမ်းမိပြီဟု စစ်ကောင်စီဘက်က ဖော်ပြသည်။ 

ဓားပြတိုက်သွားသူမှာ ဦးသိန်းဇော်ဦး (၅၄)နှစ်ဖြစ်ပြီး ပြည်ကြီးတံခွန်မြိုနယ်၊ ဂ ရပ်ကွက်၊ ၆၈(B)-၆၈(C) လမ်းကြား၊ (၁၂၀)လမ်း၊ အ-၁၇/၉ တွင် တိုက်ရာပါငွေ(၁၀၉၈)သိန်းနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီဘက်က ဆိုသည်။

ယမန်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က မဟာအောင်မြေမြို့နယ်(၇၃)လမ်းနှင့် (၄၁)လမ်းရှိ ဗောဓိကုန်း ကမ္ဘောဇဘဏ် အမှတ်(၃၇)ကို လူတစ်ဦးက လက်နက်ကိုင်ဆောင်၍ ဓားပြတိုက်ကာ ငွေကျပ်သိန်း(၁၀၀၀)ကျော် ယူဆောင် သွားခြင်းဖြစ်သည်။ 

ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ဓားပြတိုက်ခံရခြင်းဖြစ်ကာ မန္တလေးတွင် မကြာခဏ ဓါးပြတိုက်ခံနေရပြီး ပြီးခဲ့သည့်နှစ်ကလည်း ရွှေဆိုင်နှင့် ငွေလဲဆိုင်များ ဓါးပြတိုက်ခံခဲ့ရသည်။

#TachileikNewsAgency