ထောင်တွင်းဆေးကုသခွင့်မရသဖြင့် နိုင်ကျဥ်းများ အသက်ဆုံးရှုံးနေရခြင်းကြောင့် အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး ကမ်ပိန်းပြုလုပ်

ထောင်တွင်းဆေးကုသခွင့်မရသဖြင့် နိုင်ကျဥ်းများ အသက်ဆုံးရှုံးနေရခြင်းကြောင့် အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး ကမ်ပိန်းပြုလုပ်

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၄)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

နိုင်ကျဥ်းများသည် ဆေးဝါကုသခွင့်မရသဖြင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ၂၀၂၄ခုနှစ် မေလ(၁)ရက်နေ့အထိ  နိုင်ငံရေးအကျဥ်းသား (၂၄)ဦး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် မိသားစုဝင်များပေးပို့သည့် နိုင်ငံခြားဆေးဝါးများကို အပြည့်အဝ လက်ခံရန်၊ အကျဉ်းထောင်တွင်း လုံလောက်သည့်ဆေးဝါးများ ထားရှိရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ တောင်းဆိုထားသည်။

ထောင်တွင်း ဖျားနာလူနာများနှင့် ဒဏ်ရာရလူနာများကို လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ အရေးကြီးလူနာများကို ထောင်ပြင်ပဆေးရုံများကို အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးရန်လည်း ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို လုပ်ဆောင်ကာ တောင်းဆိုထားသည်။

#TachileikNewsAgency

Photo: Political Prisoners Network - Myanmar