နွားထိုးကြီးမြို့နယ် မာန်လည်ရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မာန်လည်ရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကြောင်း မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း-Myingyan Black Tiger(MBT) အဖွဲ့မှ သတင်းထုတ်ပြန်သည်။

နွားထိုးကြီးမြို့နယ် စိန်ပန်းကျင်းရွာမှ မာန်လည်ရွာ အနောက်ပိုင်းတွင် အင်အား (၆၀)ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများနှင့် ၂၀၂၄ခုနှစ် ဇွန်လ (၅) ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ (၁)နာရီခန့် ကြာမြင့်ခဲ့ကြောင်း Myingyan Black Tiger (MBT) အဖွဲ့မှ ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ကာ လေးရွာဆုံပျူရွာမှ စစ်ကူစစ်ကြောင်းရောက်ရှိလာချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Myingyan Black Tiger (MBT)အဖွဲ့မှ ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း-Myingyan Black Tiger (MBT)၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း၊ MDY PDF၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖ နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency

Video : Myingyan Black Tiger (MBT)