Project Mindat 2024 Campaign မှ ရရှိသည့် ရန်ပုံငွေများဖြင့် CDF-Mindat အား လက်နက်ခဲယမ်းများ ပေးအပ် 

Project Mindat 2024 Campaign မှ ရရှိသည့် ရန်ပုံငွေများဖြင့် CDF-Mindat အား လက်နက်ခဲယမ်းများ ပေးအပ် 

Project Mindat 2024 မှ ရရှိသော ရန်ပုံငွေများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ကို လက်နက်ခဲယမ်းများ တပ်ဆင်ပေးကြောင်း ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့တွင် CDF-Mindatက သတင်းထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်(CDF-Mindat)ကို လက်နက်ခဲယမ်းတပ်ဆင်ပေးရန် ရည်ရွယ်သည့် Project Mindat 2024 Campaign ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၂) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်အင်အားဖြည့်မှုကြောင့် ရည်မှန်းထားသည့် ပမာဏထက်ကျော်လွန်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ ရရှိခဲ့ကြောင်း သိရသည်။

ကမ်ပိန်းမှ ရရှိသည့် ရန်ပုံငွေများဖြင့် မောင်းပြန်သေနတ် (၂၅)လက်နှင့် ကျည်ဆန်များကို ဝယ်ယူပြီး ၂၀၂၄ ခုနှစ် မေလ ၂၄ရက်နေ့တွင် CDF-Mindat ကို အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Project Mindat 2024 Campaign ရာနှုန်းပြည့်အောင်မြင်ရန်အတွက် Project Owner-Ko Phyo နှင့် CRPH-OFPမှ Fundraisers များ၊ Heal The World မှ ဒေါက်တာအငြိမ်း၊ International Mindat Kcho Organization(IMCO)၊ CEA(Europe) တို့နှင့်အတူ ပူးပေါင်းပါဝင်အင်အားဖြည့်ခဲ့သည့် ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) အဖွဲ့မှ ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သည် ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ (၂၄) ရက်နေ့တွင် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ချင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Chin Defence Force - Mindat