ဂန့်ဂေါမြို့နယ်အတွင်း ရွှေဘိုရွာ နှင့် ရေသာရွာရှိ နေအိမ်များစွာကို ပျူစောထီးများက မီးရှို့ဖျက်ဆီးပြီး‌နောက် ဒေသခံနှစ်ဦးကို သတ်ဖြတ်သွား

ဂန့်ဂေါမြို့နယ်အတွင်း ရွှေဘိုရွာ နှင့် ရေသာရွာရှိ နေအိမ်များစွာကို ပျူစောထီးများက မီးရှို့ဖျက်ဆီးပြီး‌နောက် ဒေသခံနှစ်ဦးကို သတ်ဖြတ်သွား

စစ်ကောင်စီတပ်မှ လက်နက်နှင့်ဝတ်စုံများပေးထားသည့် ပျူစောထီးများက  မကွေးတိုင်းအတွင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ရေသာရွာနှင့် ရွှေဘိုရွာကို  ၂၀၂၄ ခုနှစ် မေလ(၁၆)ရက်နေ့က မီး ရှို့ဖျက်ဆီးရာ နေအိမ်ရာချီ ပျက်စီးသွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။

မြောက်ခင်ရန်းရွာမှ ပျူစောထီး စစ်ကြောင်းသည် ရေသာရွာနှင့် ရွေဘိုရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် မီးရှို့ ဖျက်ဆီးရာ  ရေသာရွာမှ နေအိမ်(၁၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး ရွှေဘိုရွာရှိ အိမ်ခြေ (၆၀၀)ခန့်ရှိမှ နေအိမ် ရာချီ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

"ရေသာရွာကတော့ အိမ်ခြေ (၁၄)လုံး မီးလောင်သွားတာတော့ အတည်ပြုလို့ရပြီ။ ရွှေဘိုရွာကတော့ ခန့်မှန်းခြေ အိမ်ခြေ(၃၀၀) ကျော်လောက် မီးလောင်သွားတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးမှပဲ သိရမယ်။ ရွှေဘိုရွာထဲက အသက်(၈၀)ကျော်အရွယ် ဦးသာနွယ်က မျက်စိ လည်း သိပ်မမြင်ဘူး နားလည်းမကြားဘူး။ ဘယ်မှမသွားနိုင်လို့ အိမ်မှာကျန်ခဲ့တာ။ သူကို ပါးစပ်ကို အဝတ်နဲ့ဆိုပြီး ဝှေးစေ့ကိုထုတ်ယူသွားပြီးမှ ခေါင်းကိုရစရာမရှိအောင် သေနတ်နဲ့ ပစ်သတ်သွားသလို ဦးသာနွယ်အိမ်ဝင်းထဲမှာရှိတဲ့ နွားတစ်ကောင်ကိုလည်း သတ်ထားခဲ့သေးတယ်ဗျ။"ဟု ဒေသခံတစ်ဦးက ပြောကြောင်း ယောအလင်းတန်းက ဖော်ပြထားသည်။

ထို့အပြင် အသက်(၈၀)ကျော်အရွယ် ဦးသာနွယ်နှင့် နွားတစ်ကောင်ကိုလည်း သတ်ဖြတ်ခဲ့ပြီး နယ်မြေရှင်းလင်းစဉ် မီးလောင်သေဆုံးနေသော အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့သည်ဟု  သိရသည်။ 

"ရွာထဲမှာလဲ မီးလောင်ကျွမ်းထားတဲ့ (၉)နှစ်အရွယ် ကလေးငယ် တစ်ယောက်ရဲ့ အလောင်းတစ်လောင်း တွေ့ထားတယ်ပြောတယ်။ ဘယ်သူ ဘယ်ဝါဆိုတာတော့ သေချာ အတည်မပြုနိုင်သေးဘူး။ ပြီးတော့ ရွှေဘိုရွာဘုန်းကြီးကျောင်းဝင်းထဲက ကျောင်းဆောင်တစ်ဆောင်ကိုပါ မီးရှို့ခဲ့ပြီး ရဟန်းသံဃာ (၇) ပါးကိုလည်း မနေ့က ညနေ ပျူစောထီး စစ်ကြောင်းပြန်ဆုတ်တော့ ဓားစာခံအနေနဲ့ ဖမ်း ဆီးခေါ်ဆောင်သွားတာရှိတယ်။ ဒီမနက်တော့ ရဟန်းသံဃာတွေကို ပြန်လွှတ်လိုက်ပြီလို့ပြောတယ်ဗျ"ဟု ဒေသခံတစ်ဦးကပြောကြောင်း ယောအလင်းတန်းကဖော်ပြထားသည်။ 

ထို့နောက် ရွှေဘိုရွာဘုန်းကြီးကျောင်းမှ ရဟန်းသံဃာ(၇)ပါးကို ဓား စာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ မေလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင်  ပြန်လည်လွှတ်ပေးလိုက်သည်ဟု ဆိုသည်

ရွှေဘိုရွာသည် မြောက်ခင်ရန်းရွာနှင့် အ‌နီးဆုံးရွာတစ်ရွာဖြစ်ပြီး  မြောင်ခင်ရန်းရွာမှ ပျူစောထီးများသည် ‌ရွှေဘိုရွာကို မီးရှို့ဖျက်ဆီး သည်မှာ (၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။